Mashle (2023) (Ongoing)

 


Total Episodes : Unknown
Studio : A-1 Pictures
Genres : Action,Comedy, Fantasy

Review

မှော်စွမ်းအားက အရာရာဖြစ်တဲ့ကမ္ဘာကြီးမှာ လူတိုင်းကမှော်ပညာကိုသုံးတတ်ကြပါတယ်။
မှော်ပညာကို ကျွမ်းကျင်တဲ့အပေါ်ကို ‌မူတည်ပြီး အဆင့်အတန်းခွဲကြပါတယ်။
မှော်အစွမ်းရှိတဲ့လူတွေမှာက အမှတ်အသားပါကြပါတယ်။
ဘာလို့ အဲ့လိုမှော်စွမ်းအားရှိတဲ့လူတွေချည်းပဲဖြစ်နေတာလဲဆိုရင်တော့ မှော်စွမ်းအားမရှိတဲ့လူတွေကို သတ်ပစ်လိုက်ကြလို့ပါ။
ဒါပေမယ့် Mash ဆိုတဲ့ကောင်လေးကို Regro Vandead ဆိုတဲ့လူတစ်ယောက်က ကောက်ရလို့ မွေးစားခဲ့ပါတယ်။
ထူးဆန်းတာကတော့ သူ့မှာ မှော်စွမ်းအားမရှိသလို အမှတ်အသားလည်းမပါပါဘူး။
ဒါကြောင့် သူ့မွေးစားအဖေက သူ့သားလေးကို လေ့ကျင့်ခန်းတွေပဲ လုပ်ခိုင်းပြီး ဖွက်ထားပါတယ်။
အရွယ်ရောက်လာတော့ ပုန်ကန်တတ်လာပြီး အိမ်မှာပဲနေပါလို့ နင်းကန်ပြောရဲ့သားနဲ့ ဗိုက်ဆာလို့ မြို့ထဲ မုန့်သွားစားတုန်းက ရဲတွေက အမှတ်အသားမပါတာတွေ့တော့လိုက်ဖမ်းပေမယ့် ရှယ်လေ့ကျင့်ခန်းလုပ်ထားတဲ့ Mash က ရဲတွေသုံးသမျှ မှော်စွမ်းအားတွေကို အသာလေးခုခံတော့ ရဲတွေရှုံးသွားပါတယ်။ ဒါပေမယ့် သူနိုင်လည်းပဲ အခြားလူတွေကလိုက်မှာမို့လို့ Mash တစ်ယောက်တစ်ချိန်လုံးထွက်ပြေးနေရမယ့်အနေအထားအရောက်မှ အဲ့ကရဲတစ်ယောက်က Mash ကို မှော်ကျောင်းကို တက်ပြီး နှစ်တိုင်း ထူးချွန်တဲ့ကျောင်းသားတွေကိုပေးတဲ့ Divine Visionary ဆိုတဲ့ဆုကိုယူခိုင်းပါတယ်။ အဲ့ဂုဏ်ပုဒ်နေရတဲ့ ဆုလာဘ်တွေကို သူ့ကိုပြန်ပေးရင် လွှတ်ပေးမယ်လို့ပြောတော့ Mash ကသဘောတူလိုက်ပါတယ်။
ဒီလိုနဲ့ မှော်စွမ်းအားမရှိတဲ့ Mash တစ်ယောက်‌ မှော်ကျောင်းမှာ ဘယ်လိုတွေရှေ့ဆက်မလဲဆိုတာကိုကြည့်ရမှာပါ။

ဒီကားလေးက Harry Potter နဲ့ One Punch Man ကို ပေါင်းထားသလိုဖြစ်ပြီးတော့ တော်တော်လေး ခွီရမှာပါ။
Seiyuu တွေကလည်း နာမည်ကြီးတွေဖြစ်ကြပြီးတော့
Studio ကတော့ A-1 Picture ကဖြစ်ပါတယ်။
ဧပြီလ ၈ ရက်နေ့ထွက်မှာဖြစ်ပါတယ်။

Episode 1

Episode 2

Episode 3

Episode 4
Episode 5

Episode 6

Episode 7
Yoteshin / MediaFire / Mega / Datbu

Episode 8

Episode 9

Episode 10

Episode 11

Episode 12

---END---

Post a Comment

0 Comments