Seishun Buta Yarou wa Bunny Girl Senpai no Yume wo Minai (2018) (BDRip 1080p x265 FLAC) (Myanmar Sub)

Translated & Encoded by Iceberg

Total Episodes: 13
Status: Finished Airing
Studios: CloverWorks
Source: Light Novel
Genres: Comedy, Drama, Romance, Supernatural
Theme: School
Duration: 25 min. per ep.

Synopsis.
ခေါင်းစဉ်ကိုဘာသာပြန်ရရင် “‌ကောင်ရှုပ်လေးဟာ ယုန်ပျိုမေစီနီယာမမအကြောင်း အိပ်မက်မမက်ပါ” တဲ့။ နာမည်က တမူထူးပြီး ‌ကြောင်စီစီဖြစ်နေပေမယ့် တကယ်တမ်းကြည့်လိုက်တော့မှ ဒီဇာတ်လမ်းလေးဟာ ပဟေဠိဆန်ဆန်ဇာတ်လမ်းမျိုးတွေ ကြည့်ရတာသဘောကျတဲ့သူတွေအကြိုက်တွေ့မယ့် စိတ်ကူးယဉ်သဘာဝလွန်ဖြစ်ရပ်ဆန်းတွေပါဝင်နေတဲ့အပြင်ကို၊ ရသစုံလင်ခံစားရအောင်လုပ်ပြီး ပရိတ်သတ်ကြီးတို့ရင်ထဲ မရောက်ရောက်အောင်တိုးဝင်မယ့် ဇာတ်ကောင် ဇာတ်ကွက် ဒိုင်ယာ‌လော့တို့ကြောင့် မပျင်းရဘဲ ပရိတ်သတ်ကြီးတို့ကို ထွက်ထားသမျှ အပိုင်းကုန် ဇာတ်ကားအဆုံးထိတိုင် ဆွဲယူခေါ်ဆောင်‌ပေးသွားနိုင်လောက်မယ့် ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသားနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပေါ့။

ဇာတ်လမ်းရဲ့ ဇာတ်လိုက်ကျော် Azusagawa Sakuta ဟာ အလယ်တန်း‌တုန်းက ရန်ပွဲတစ်ခုမှာ အတန်းဖော်တွေကိုဆေးရုံရောက်အောင် တီးခဲ့တယ်ဆိုတဲ့ကောလာဟလကြောင့် အထက်တန်းကျောင်းအရောက်မှာတော့ အတန်းဖော်တွေဖယ်ကြဉ်တာကိုခံနေရပြီး သူငယ်ချင်းဆိုလို့ လက်နှစ်ချောင်းစာ နှစ်ယောက်သာရှိတဲ့ Minegahara အထက်တန်းကျောင်းက ဒုတိယနှစ်ကျောင်းသားလေးတစ်ယောက်ပေါ့။ တစ်ညနေ စာကြည့်တိုက်သွားရင်း ဒိတ်ဒိတ်ကြဲအနုပညာရှင်တဖြစ်လဲ သူ့ကျောင်းက Senpai လည်းဖြစ်တဲ့ Sakurajima Mai ဟာ Bunny Girl ဝတ်စုံကြီးကိုဝတ်ပြီး လူတွေရှေ့ဖြတ်သွားဖြတ်လာ ဟိုလျှောက်ဒီလျှောက်လုပ်နေတာကို တွေ့လိုက်ရတော့ သူလည်း အံ့ဩတကြီးနဲ့ ကြောင်ကြည့်ကြည့်လိုက်မိတယ်။ Senpai မမကတော့ “အံ့ဩမိတယ်။ နင်ကျငါ့ကိုမြင်နေရသေးတာလား။” ဘာညာ နှစ်ခွန်းသုံးခွန်းပြောပြီး မမတို့ထုံးစံအတိုင်း ခပ်ချေချေပဲ ကောက်ထွက်သွားလေရဲ့။

အဲ့ညနေတော့ Sakuta တစ်ယောက် အဲ့ဒီအနေအထားအတိုင်းကြီး ရင်ထဲရိုးရိုးရွရွဖြစ်ရင်း ကျန်ခဲ့တာပေါ့။ နောက်တစ်နေ့ Senpai မမကို ကြုံလို့ဝင်ကူညီရင်း သေချာစကားပြောဖြစ်တော့မှ Sakurajima Mai ဟာ သူကိုယ်တိုင်တောင်မသိတဲ့အကြောင်းအရင်းတစ်ခုကြောင့် တချို့သောနေရာကလူတွေဟာ သူ့ကိုမတွေ့ရဖြစ်နေပြီး သူ့ကို ဘယ်‌နေရာတွေမှာလူတွေမတွေ့ရဘူးလဲ သိရအောင်လို့ Bunny Girl ဝတ်စုံဝတ်၊ လျှောက်ပတ်သွားရင်း စုံစမ်းနေတာဆိုတဲ့ ဖြစ်ကြောင်းကုန်စင်ကိုသိရတော့တယ်။ အကြောင်းစုံကိုသိရပြီဆိုတော့ Sakuta လည်း ဒီသဘာဝလွန်ဖြစ်ရပ်ကြီးအကြောင်း သူသိတတ်ထားသလောက် ပြောပြပေးပြီး မမကိုကြောင်ရင်း တတ်စွမ်းသလောက် ဖေးမကူညီပေးဖို့ဖြစ်လာပါတယ်။ ဆိုတော့ အဲ့ဒီသဘာဝလွန်ဖြစ်ရပ်ကြီးကဘာကြီးလဲ၊ အဲ့အကြောင်းကိုရော ဘယ်လိုလုပ်ပြီးတော့ Sakuta က သိနေရတာတုန်း၊ Mai တစ်ယောက်ရော ဒီ‌လူမျက်စိ‌ရှေ့ကပျောက်ကွယ်နေတဲ့ပြဿနာကြီးကို အဖြေထုတ်ပြီး ဖြေရှင်းနိုင်ပါ့မလား စတဲ့ ကနဦးပဟေဠိတွေအပြင်ကို Sakuta တစ်ယောက် Senpai မမကို ကြောင်လည်းကြောင်ရင်း၊ ဒီဖြစ်ရပ်ကြီးထဲက ရုန်းထွက်နိုင်အောင် ရေကုန်ရေခမ်းကူညီပြီး အမှတ်တွေယူမှာကို ကျွန်‌တော်တို့အနေနဲ့ စောင်ကိုက်ပြီးရှုစားကြရမှာပါ။

ဒီဇာတ်လမ်းကို တာဝန်ယူသရုပ်ဖော်ပေးခဲ့တာကတော့ လတ်လလောနာမည်ကြီးနေတဲ့ KiseKoi တို့ Spy x Family (စုံဂဏန်းအပိုင်းများ) တို့ရဲ့ပဲ့ကိုင်ရှင် Studio CloverWorks ပဲဖြစ်ပါတယ်။ အဖွင့်သီချင်း 「Kimi no Sei」 ကိုတော့ The Peggies အဖွဲ့ကနေ သီဆိုပေးထားပြီး အပိတ်သီချင်း 「Fushigi no Carte」 ကိုတော့ အသံသရုပ်ဆောင်မမများမှ သူတို့ဇာတ်ကောင်တွေရဲ့ case တွေနဲ့ သက်ဆိုင်ရာအပိုင်းတွေအတွက် ကိုယ်တိုင်သီဆိုပေးထားတဲ့အပြင်ကို အဓိကအသံသရုပ်ဆောင်တွေကလည်း အခုအချိန်မှာ ကိုယ်ပိုင် notable role များစွာနဲ့ သမ္ဘာရင့်ကိုကိုမမတွေချည်းဆိုတော့ကာ ဖီးကျဲဖို့နေနေသာသာ ကြည့်ရင်း ဇာတ်လမ်းထဲနစ်မြောသွားဖို့ကို ၂၀၀% အာမခံပါ့ဗျာ။


Episode 1 (332MB)
Mediafire / Mega / Yoteshin (For Downloading)
Datbu / Stream SB (For Streaming)

Episode 2 (330MB)
Mediafire / Mega / Yoteshin (For Downloading)
Datbu / Stream SB (For Streaming)

Episode 3 (326MB)
Mediafire / Mega / Yoteshin (For Downloading)
Datbu / Stream SB (For Streaming)

Episode 4 (325MB)
Mediafire / Mega / Yoteshin (For Downloading)
Datbu / Stream SB (For Streaming)

Episode 5 (329MB)
Mediafire / Mega / Yoteshin (For Downloading)
Datbu / Stream SB (For Streaming)

Episode 6 (338MB)
Mediafire / Mega / Yoteshin (For Downloading)
Datbu / Stream SB (For Streaming)

Episode 7 (334MB)
Mediafire / Mega / Yoteshin (For Downloading)
Datbu / Stream SB (For Streaming)

Episode 8 (326MB)
Mediafire / Mega / Yoteshin (For Downloading)
Datbu / Stream SB (For Streaming)

Episode 9 (339MB)
Mediafire / Mega / Yoteshin (For Downloading)
Datbu / Stream SB (For Streaming)

Episode 10 (338MB)
Mediafire / Mega / Yoteshin (For Downloading)
Datbu / Stream SB (For Streaming)

Episode 11 (322MB)
Mediafire / Mega / Yoteshin (For Downloading)
Datbu / Stream SB (For Streaming)

Episode 12 (325MB)
Mediafire / Mega / Yoteshin (For Downloading)
Datbu / Stream SB (For Streaming)

Episode 13 (325MB)
Mediafire / Mega / Yoteshin (For Downloading)
Datbu / Stream SB (For Streaming)

ဤတွင် Season 1 ပြီး၏။ 

Post a Comment

6 Comments

Emoji
(y)
:)
:(
hihi
:-)
:D
=D
:-d
;(
;-(
@-)
:P
:o
:>)
(o)
:p
(p)
:-s
(m)
8-)
:-t
:-b
b-(
:-#
=p~
x-)
(k)