Watashi ga Koibito ni Nareru Wake Nai jan, Muri Muri! (※Muri ja Nakatta!?) (2025 Summer)

 

Total Episodes : 12
Studio : studio MOTHER
Genres : Yuri, Comedy
_________________________________________________
Review
Ajisai Sena ဆိုတဲ့ကောင်မလေးကတော့ လူတွေနဲ့ပေါင်းသင်းဆက်ဆဲ့တဲ့နေရာမှာ
အင်မတန်ညံ့ပြီး အလယ်တန်းကျောင်းသူဘဝကို အထီးကျန်ကျန်တစ်ယောက်တည်းဖြတ်သန်းခဲ့ရတဲ့သူပါ။
အခြားလူတွေနဲ့ အဆင်ပြေပြေပေါင်းသင်းဆက်ဆံပြီး သာမန်လူတစ်ယောက်ဖြစ်လာဖို့က သူ့ရဲ့ အိမ်မက်ပါ။
ဒီလိုနဲ့ အထက်တန်းကျောင်းတက်ရတဲ့ ပထမနေ့မှာ သူ့ရဲ့ အိမ်မက်ကို အကောင်ထည်ဖော်ဖို့ ကြိုးစားရင်း
Mai Ouzuka ဆိုတဲ့ကောင်မလေးနဲ့ ဆုံပါတော့တယ်။ Sena ရဲ့အမြင်မှာ Ouzuka က နာမည်ကြီး model တစ်ယောက်ဖြစ်ပြီး
လူတွေနဲ့ ပေါင်းသင်းဆက်ဆံနိုင်တဲ့ ပြီးပြည့်စုံတဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် အရာအားလုံး ပြည့်စုံမှုဆိုတာမရှိဘူးဆိုတဲ့ သဘောသဘာဝအရ
ဒီလို Ouzuka မှာလည်း အထီးကျန်မှုတွေက ရှိလို့နေပါတယ်။ ဒီလိုနဲ့ အခန်းထဲ ခုံချင်းကပ်ထိုင်ဖို့ကံပါလာပြီး
သူ့အခြေအနေ ၊ ကိုယ့်အခြေအနေကို နည်းနည်းသိလာတဲ့အခါမှာတော့
သူငယ်ချင်းတွေဖြစ်လာကြပါတော့တယ်။ ဒါပေမယ့် ဗြုန်းဆိုင်းကြီး Ouzuka က Sena ကိုဖွင့်ပြောလိုက်တဲ့အခါမှာတော့
ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ Sena က မိန်းကလေးချင်းတွဲဖို့ကို လက်ခံလိုက်မှာလား။ မိန်းကလေးချင်းတွဲတဲ့အခါမှာ Sena လိုချင်တဲ့ သာမန်ဘဝမျိုးကို ရနိုင်ဦးပါ့မလား...
_________________________________________________

Episode 1

Episode 2
Next Week

Post a Comment

0 Comments