Kaoru Hana wa Rin to Saku (2025 Summer)

 



Kaoru Hana wa Rin to Saku (2025 Summer)


Total Episodes : Unknown

Studio : CloverWorks

Genres : Drama, Romance

_____________


Review


Chidori ကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ Kikyo မိန်းကလေးကိုယ်ပိုင်အထက်တန်းကျောင်းတို့ကတော့ ဘေးချင်းကပ်ရှိပြီး တစ်ကျောင်းနဲ့တစ်ကျောင်း အမြင်မကြည်ကြပါဘူး။ အမြင်မကြည်ဆို Chidori ကိုယ်ပိုင်အထက်တန်းကျောင်းကလူတွေက ပြဿနာအိုးတွေကိုး။

အဲ့ဒီ Chidori ကိုယ်ပိုင်အထက်တန်းကျောင်းမှာမှ Rintarou Tsumugi ဆိုတဲ့ကောင်လေးက သူ့ရဲ့ မျက်နှာအနေအထားရယ် ၊ ကောလဟာလတွေရယ်ကြောင့် တစ်ခါမှ လူတွေရဲ့ အကောင်းမြင်ခြင်းကိုမခံရပဲ ကြောက်စရာလူတစ်ယောက်လို တော်တော်များများဆက်ဆံတာကို ခံနေရသူပါ။ သူ့အတွက်တော့ ဒါက သာမန်အရာတစ်ခုလိုဖြစ်နေပါပြီ။

ဆိုပေမယ့် တစ်နေ့မှာတော့ Kikyo မိန်းကလေးကိုယ်ပိုင်အထက်တန်းကျောင်းက Kaoruko Waguri နဲ့တွေ့ဆုံအပြီးမှာတော့ သူ့ရဲ့အမြင်တွေက စပြီးပြောင်းလဲလာပါတော့တယ်။ 

Waguri-san က လူတိုင်းရဲ့ ကြောက်စရာအရာတစ်ခုလို့ တွေးတာခံရတဲ့ Rintarou-kun ကို အဲ့လိုပုံစံမျိုးအနေနဲ့မမြင်ပဲ

ကြင်နာပေးပြီး ဘေးလူတွေရဲ့စကားကို နားမယောင်ပဲ Rintarou-kun ရဲ့အတွင်းစိတ်ကိုမြင်တဲ့ပထမဆုံးလူပါ။

အမြဲ positive energy တွေကို ပေးတဲ့ Waguri-san နဲ့ သုန်မှုန်ပြီး နေလာခဲ့တဲ့ Rintarou-kun ၊ ကျောင်းချင်းမတူတဲ့ သူတို့ နှစ်ယောက်ဘယ်လိုဆက်ဆံရေးတွေအဖြစ်ရောက်လာမလဲ...

_____________


ဒီဇာတ်လမ်းက ဒီဘက်ခေတ်မှာ harem romance တွေများပြီးပေါချာလာတဲ့အချိန်မှာ အခုအချိန် ရှားပါးတဲ့ pure romance တွေထဲ

masterpiece တစ်ခုလိုကို လူတိုင်းသတ်မှတ်ထားကြတာမို့လို့ ဒီဇာတ်လမ်းဘယ်လောက်ကောင်းလဲဆိုတာ ပြောဖို့မလိုပါဘူး။

အရမ်းကို ချိုမြိန်လွန်းလို့ manga ဆိုလည်း စဖတ်ပြီးရရင် ဆက်ဖတ်ချင်အောင်ဆွဲဆောင်နိုင်ပါတယ်။

Episode 1

Episode 2
Next Week

Post a Comment

0 Comments