Seishun Buta Yarou wa Odekake Sister no Yume o Minai (2023)

Translated & Encoded by Iceberg

Studios: CloverWorks

Source: Light Novel

Genres: Drama, Romance, Supernatural

Theme: School

Duration: 1 hr 13 min


ပျောက်ကင်းပြီးသွားတဲ့တိုင်အောင် အမာရွတ်စွဲကျန်ခဲ့တတ်တဲ့ “စိတ်ဒဏ်ရာ” ဆိုတဲ့အရာရဲ့တိုက်စားမှုဒဏ်ကိုမခံနိုင်တော့အဆုံး ကိုယ့်ရဲ့ဖြစ်တည်မှုကိုဖျောက်ဖျက်ပစ်ခဲ့တဲ့ ချာတိတ်မလေး။

၂ နှစ်တာကာလကြာပြီးတဲ့နောက် လောကကြီးထဲ သူပြန်ရောက်လာတဲ့အခါမှာတော့ အရာရာဟာ သူထွက်သွားခဲ့တုန်းကနဲ့ ဘာမှမတူတော့ပါဘူး။ ကိုယ့်ကိုအလေးပေး ဂရု‌စိုက်ပေးမယ့်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ ပတ်ဝန်းကျင်အသစ်တစ်ခုမှာ ချာတိတ်မလေးအနေနဲ့ တချိန်က မကျော်လွှားနိုင်ခဲ့တဲ့စိတ်ဒဏ်ရာကို ဒီတစ်ခါ ကျော်လွှားနိုင်တော့မှာလားဆို‌တာကို ဇာတ်ကားထဲမှာ ဆက်ကြည့်လိုက်ကြရအောင်လားဗျာ။

ပထမဇာတ်ကားရုံတင်ပြီး ၄ နှစ်တာကြာပြီးမှဆက်ထွက်လာခဲ့တဲ့ ငရှုပ်လေး Sakuta ရဲ့အရှုပ်တော်ပုံများဇာတ်လမ်းရဲ့ အဆက်ဇာတ်ကားပဲဖြစ်ပြီးပါတယ်။ ဒီကားရဲ့အဆက်ဇာတ်ကားဟာလည်း ၁၁ လပိုင်းအကုန်ကတင် ပူပူ‌နွေး‌နွေး ရုံထပ်တင်ထားတာဖြစ်တဲ့အတွက် ဒီနှစ်ထဲမှာပဲ ဆက်ကြည့်ရဖို့ရှိသေးတဲ့အပြင် နောက်ဆက်တွဲ တက္ကသိုလ် arc ကိုပါ anime အဖြစ်အသက်သွင်းဖို့ ကြေညာထားပြီးပြီပဲဖြစ်ပါတယ်။

ဒီကားရဲ့ဇာတ်လိုက်ဖြစ်တဲ့ Azusagawa Kaede အဖြစ် မူလအသံသရုပ်ဆောင်ဖြစ်တဲ့ Kubo Yurika-san ကပဲ ဆက်လက်အသံသရုပ်ဆောင်ပေးထားပြီးတော့ ထိုနည်းတူစွာ တခြားဇာတ်ကောင်တွေကိုလည်း ဆိုင်ရာဆိုင်ရာ မူရင်းအသံသရုပ်ဆောင်အသီးသီးကပဲ ဆက်လက်အသံသရုပ်ပေးထားကြပါတယ်။ Ending Theme ကဝောာ့ ထုံးစံအတိုင်း AoButa ရဲ့ပင်တိုင်တေး Fushigi no Carte ပဲဖြစ်ပြီး ဒီကားမှာတော့ Azusagawa Kaede ၂ ယောက်ရဲ့ version နဲ့နားထောင်ရပါမယ်။

 

Direct Download Links (BDRip 1080p)
Mega  /  MediaFire  /  Datbu  /  TeraBox

Post a Comment

0 Comments