The Marginal Service (2023)


Status - Currently Airing
Total Episodes - 12 ( 22 min per episode )
Genre - Action, Sci-fi
Studio - Studio 3Hz

Review

စည်းမျဥ်းစည်းကမ်းတွေကိုချိုးဖောက်ရမယ်ဆိုရင်တောင် မူးယစ်ရာဇာများ ရာဇဝတ်ကောင်များကို အလွတ်မပေးတတ်တဲ့စုံထောက် Brian NightRaider
တစ်ရက်မှာ မူးယစ်ဆေးရောင်းဝယ်သူကိုလိုက်ဖမ်းရင်း Brian ဟာ ပဟေဠိဆန်တဲ့ဖြစ်ရပ်တစ်ခုကို ကိုယ်တိုင်မြင်တွေ့လိုက်ရပေမယ့် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အသက်ဆုံးရှုံးသွားတဲ့အတွက် အလုပ်ထုတ်ခံလိုက်ရပါတယ်
သို့ပေမယ့်နောက်ရက်များမှာတော့ သူ့ဆီကို Marginal service ဆိုတဲ့အဖွဲ့အစည်းတစ်ခုဆီကအလုပ်ခန့်အပ်စာရောက်လာခဲ့ပါတယ် Marginal service ဆိုတာ ဘယ်လိုအဖွဲ့အစည်းမျိုးလဲ ဘာအတွက်​အလုပ်လုပ်ကိုင်ကြသလဲဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ကြည့်ရှုလိုက်ပါရှင့်

ဒီ Anime က Original Anime ဖြစ်တဲ့အတွက် တစ်ပိုင်းပြီးတစ်ပိုင်းဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဘယ်သူမှသေချာမသိနိုင်ပါဘူး ဇာတ်ကြောင်းကိုမသိရင်တောင် Seiyuu Fan တွေအနေနဲ့ကတော့ ပါဝင်တဲ့ Seiyuu တွေရဲ့နာမည်ကိုသာကြားလိုက်ရင် လုံးဝလက်မလွှတ်ချင်မယ့် Anime ပါ
Brian NightRaider ရဲ့ Seiyuu အနေနဲ့ဆိုရင် Miyano Mamoru aka Mamo-chan ပါ သူတင်မဟုတ်သေးပါဘူး အားလုံးသိကြမယ့် Nakamura Yuiichi, Sugita Tomokazu, Miki Shinichirou, Morikawa Toshiyuki တို့ အပြင် တစ်ဦးတည်းသောမမအနေနဲ့ Nazuka Kaori တို့ပါဝင်ပါတယ် ဆက်ပြောရမယ်ဆိုရင်တော့ Nezuko-chan, Nezuko-chan ဆိုတဲ့အသံရဲ့ပိုင်ရှင် Shimono Hiro, အပြုံးတစ်ချက်နဲ့ပွက်လောရိုက်သွားစေတဲ့ Uchiyama Kouki တို့အပြင် Uchida Yuuma ပါ ပါဝင်တယ်ဆိုတော့ Anime တစ်ခုတည်းမှာ အချစ်တွေအားလုံးကို တစ်စုတစ်စည်းတည်းမြင်တွေ့ရမှာပေါ့ရှင်

Episode 1

Episode 2

Episode 3
Next Week 

Post a Comment

0 Comments