Kono Subarashii Sekai ni Bakuen wo! (2023)


Total Episodes : 12
Studio : Drive
Genres : Comedy, Fantasy

_____________________________________________
Review

Konosuba က Explosion ဆိုပြီး မှောက်မှောက်သွားတဲ့ ကောင်မလေး Megumin ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ သူရဲ့ ပေါက်ကွဲခြင်းမှော်က လွယ်လွယ်နဲ့ရခဲ့တာမျိုးမဟုတ်ပါဘူး။ ကြက်သွေးရောင် စုန်းမျိုးနွယ်ဝင်တစ်ယောက်ဖြစ်တဲ့ Megumin ဟာ မှော်တွေ အများကြီးရှိတဲ့ထဲမှ ပေါက်ကွဲခြင်းမှော်ကိုပဲ သင်ယူချင်တာပါ။ ပေါက်ကွဲခြင်းမှော်ဆိုတာက အပျက်အစီးများလွန်းတာကြောင့် အမြဲ ခွင့်ပြုမိန့်စောင့်သုံးရတဲ့ မှော်မျိုးဖြစ်ပါတယ်။
ဒါပေမယ့် အဲ့လိုမှော်မျိုးကိုမှ ဘာလို့ Megumin တစ်ယောက် အစွဲလန်းကြီးစွာ ကျောင်းမှာသင်ခဲ့လဲဆိုတာကို ဒီ Spin-off မှာတွေ့ရမှာပါ။

ဒီ Series က Konosuba Main Series မတိုင်ခင် Megumin ကျောင်းတက်တုန်းကဖြစ်ရပ်ပါ။
သခင်ကြီး Kazuma တော့ ပါမှာမဟုတ်ပေမယ့် 
Megumin ရဲ့ ငယ်သူငယ်ချင်းကြီးဖြစ်တဲ့ Yunyun တို့ အခြား Waifu လေးတွေလည်းပါမှာပါ။
သခင်ကြီး Kazuma မပါလို့ ဟာသတွေ ပေါ့သွားမှာလားဆိုမဟုတ်ပါဘူး။ သူ့ဟာနဲ့သူရယ်ရဦးမှာပါ။
_____________________________________________

အဓိကက Studio ကတော့ အရင်က ပဲ့ကိုင်ရှင်ဖြစ်ခဲ့တဲ့ သောက်တလွဲ Studio Deen ကြောင့် Megumin ရဲ့ Explosion Effect က တလွဲဖြစ်ချင်တဲ့အခန်း တလွဲဖြစ်ပေမယ့် အခုကတော့ Studio အသစ် Studio Drive က ကိုင်တွယ်ပေးသွားမှာပါ။
ကြည့်ရသလောက်‌အခြေအနေအရ ကျွန်တော်တို့ ကောင်မလေးကို တင့်တင့်တယ်တယ်မြင်‌ရလောက်မှာပါ။

Megumin ဆိုတာကလည်း လူတိုင်းချစ်ကြတဲ့ Emilia တို့ Takagi တို့ရဲ့ Seiyuu ဖြစ်တဲ့ ရွှေရင်ကိုအေးတဲ့အသံလေးနဲ့ Rieri (Takahashi Rie) ဆိုတော့ သူ့အသံနဲ့တင် ဒီကားကို ကြည့်ဖို့ အကြောင်းအရင်းက ပြည့်စုံနေပါပြီဗျာ။

၄ လပိုင်း ၆ ရက်နေ့ထွက်ပါမယ်။ ထွက်တဲ့အခါ ဒီ post အောက်မှာ link စုပေးပါမယ်ဗျ။

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7
Coming Soon

Post a Comment

0 Comments