Jijou wo Shiranai Tenkousei ga Guigui Kuru (2023)


Total Episodes : Unknown
Studio : Studio Signpost
Genres : Comedy

Review - "Nishimura ဟာ ၅ တန်း ကျောင်းသူတစ်ယောက်ဖြစ်ပြီး အတန်းဖော်တွေဆီကနေ ပစ်မှတ်ထား စနောက် အနိုင်ကျင့်ခံနေရတဲ့ အထီးကျန်ကောင်မလေးတစ်ယောက်ပါ။ တစ်နေ့တော့ Nishimura တို့ အတန်းထဲကို Takada ဆိုတဲ့ ကျောင်းသားသစ်တစ်ယောက် ပြောင်းလာခဲ့ပါလေရော။ Nishimura နဲ့ လုံးဝ ဆန့်ကျင်ဘက် အမူအကျင့်တွေရှိတဲ့ Takada ဆိုတဲ့ ကောင်လေးက ထိုနေ့ကစပြီး သူမရဲ့ နေ့စဥ်ဘဝထဲသို့ 'ပထမဆုံးသော သူငယ်ချင်း' အဖြစ် ဝင်ရောက်လာခဲ့တဲ့ အခါမှာတော့ Nishimura ရဲ့ နေ့စဥ်ဘဝကြီးက မည်မျှအထိပြောင်းလဲသွားလေမလဲ၊ Nishimura နဲ့ Takada တို့ရဲ့ သာမန်မဆန်သော သူငယ်ချင်းသံယောဇဥ်ကရော ဘယ်လောက်အထိ ဆင့်ကဲပြောင်းလဲလာလေမလဲ ... အစရှိတာတွေကို သည် Slice of Life ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ် ခဗျာ"

သည်ကားလေးကိုတော့ Manga ကနေ Adapt လုပ်ထားတာဖြစ်ပြီး မူရင်း Manga ကိုတော့ Mangaka ဖြစ်သူ Taku Kawamura ကနေ ကိုယ်တိုင် ဇာတ်လမ်းရေး၊ ကိုယ်တိုင် ဆွဲသားကာ Square Enix ရဲ့ Shōnen Manga Magazine ဖြစ်တဲ့ Monthly Gangan Joker မှာ ၂၀၁၈ ခုနှစ်၊ မေလ ထဲက Serialization အနေနဲ့ တင်ဆက်နေခဲ့တာဖြစ်ပါတယ်။ ယခု Anime version ကိုတော့ Studio Signpost (Naruto, Black Clover, Tokyo Ghoul တို့ရဲ့ ပဲ့ကိုင်ရှင်ကြီး Studio Pierrot ရဲ့ အခွဲဖြစ်ကာ Beelzedub နဲ့ Kingdom s3,4 တို့ရဲ့ ခေါင်းကိုင်ပါ) က တာဝန်ယူပေးထားပြီး တခြားထွေထွေထူးထူးပြောစရာလဲ မရှိတာကြောင့် လေပေါနေတာကို ဒီမှာတင် ရပ်ပြီး အခုပဲ ဇာတ်လမ်းလေးကို ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ကြပါစို့ဟု တိုက်တွန်းရင်း ...

Episode 1

Episode 2

Episode 3

Episode 4
Episode 5

Episode 6

Episode 7
Coming Soon

Post a Comment

0 Comments