Total Episodes: 12
Studios: Diomedéa
Source: Light Novel
Genres : Comedy, Fantasy, Girls Love
Review
လူတွေရဲ့ စိတ်ဆိုတာ အင်မတန်ကြောက်ဖို့ကောင်းပါယယ်။
Wynn Palletia, Anisphia ကောင်မလေးကတော်ဝင်မျိုးနွယ်ဖြစ်ပေမယ့် မွေးကတည်းက ဘာမှော်ပညာမှမပါလာဘူး။
ဒါပေမယ့် ငယ်ငယ်ကတည်း မှော်သိပ္ပံကို အရမ်းစိတ်ဝင်စားပြီးတော့ သူရဲ့ အိမ်မက်ဖြစ်တဲ့ကောင်းကင်မှာပျံမယ်ဆိုတဲ့အရာကို မှော်မရှိပဲဖြစ်အောင် တီထွင်ကြိုးစားပါတော့တယ်။
ဒီလိုနဲ့ တော်ဝင်မျိုးနွယ်ဖြစ်ပြီး မှော်မသုံးနိုင်တဲ့ Wynn Palletia, Anisphia ကို နန်းတွင်းမှာတော့ မျက်မုန်းကျိုးနေရှာပါတယ်။
Wynn Palletia, Anisphia ရဲ့ မောင်ဖြစ်သူနဲ့ စေ့စပ်ထားတဲ့ Magenta, Euphyllia ဟာ အင်မတန်ဉာဏ်ကောင်းပေမယ့် အကွက်ကျကျစီစဉ်လုပ်ကြံခံလိုက်ရပြီးတော့ စေ့စပ်ပွဲဖျက်သိမ်းခံလိုက်ရပြီး လူဘုံအလယ်မှာ အရှက်ကွဲသွားပါတယ်။
တံမြက်စည်းပျံအစမ်းလေ့ကျင့်ဖို့ထွက်လာတဲ့ တလွဲတချော်နဲ့ အဲ့ဒီပွဲကို ရောက်လာတဲ့ Wynn Palletia, Anisphia အခြေအနေကို သဘောပေါက်ပြီး လူပုံအလယ်မှာ အပြောခံအဆိုခံနေရတဲ့ ယောင်းမလောင်းလေး Magenta, Euphyllia ကို ပြန်ပေးဆွဲကာ တံမြက်စီးပြန်ကြီးနဲ့ထွက်ပြီး မှော်ရဲ့ ချစ်ခင်မှုကို မရတဲ့ ကောင်မလေးနဲ့ အရာအားလုံးကို ပိုင်ဆိုင်ပြီးမွေးလာပေမယ့် ဘာမှမရတဲ့ ကောင်မလေးတို့ရဲ့ ဇာတ်လမ်းလေးကစပါတော့တယ်။
လူတို့ ၂ ယောက်ရဲ့ မျက်မုန်းကျိုးခံနေရတဲ့သူတို့ ၂ ယောက်ရှေ့ဆက် အဲ့ဒီလူတွေဘယ်လိုရင်ဆိုင်မလဲနဲ့ Wynn Palletia, Anisphia က အရင်ကမ္ဘာမှာဘယ်သူလဲ ဘာလဲဆိုတာကို ကြည့်ရမှာပါ။
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
--END--
0 Comments