ဒီကားက 1981 တုန်းကထွက်တဲ့ Long Series တစ်ခုဖြစ်ပြီး အဲ့ဒီအချိန်အခါတုန်းက ကလေးလူကြီးကြားမှာ ရေပန်းစားလို့ အခုချိန်ထိ anime တွေမှာ Reference တွေထည့်လေ့ရှိပါတယ်။ (Zero Two ဆိုတာကလည်း Lum ကို Reference ယူထားတာပါပဲ။) အခုဟာကတော့ Reboot ဖြစ်ပါတယ်။
Collab with NANI Channel 3.0
Studio - david production
Total Episodes - 46
Release Date - Oct 13
Source - Manga
Type - TV
Genres : Action,Adventure,Comedy,Drama,Romance,Sci-fi
Review (Kirito)
Moroboshi Ataru ဆိုတဲ့ကောင်လေးကတော့ နှာဘူးအရမ်းကျတတ်ပါတယ်။ လစ်တာနဲ့ ချောင်းမယ် ၊ နှိုက်မြည်းမယ် လုပ်ဖို့ပဲကြံနေတာပါ။ ဒါပေမယ့် အမြဲတမ်း "ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ" ဆိုတဲ့စကားလို အမြဲတမ်းကံဆိုးလေ့ရှိပါတယ်။ တစ်နေ့မှာ Oni လို့ခေါ်ကြတဲ့ အခြားဂြိုလ်ကကျူးကျော်သူတွေက ကမ္ဘာကိုကျူးကျော်လာတဲ့အချိန်မှာ ကမ္ဘာမြေပေါ်က လူသားတွေရဲ့ကိုယ်စားလှယ်အဖြစ် Ataru က ရွေးချယ်ခံလိုက်ရပြီး တစ်ဖက်ကတော့ Oni တွေရဲ့ ခေါင်းဆောင်ရဲ့သမီးဖြစ်တဲ့ Lum နဲ့ယှဉ်ပြိုင်ရပါတော့တယ်။ Rule ကတော့ ၁၀ ရက်အတွင်း Lum ရဲ့ ချိုကို လက်နဲ့ ဆုပ်နိုင်ရင် နိုင်မှာဖြစ်ပါတယ်။
ဒီလိုနဲ့ ပြိုင်ပွဲစတော့ ဂြိုလ်သူမနဲ့ လူသားဆိုတော့ အင်အားချင်းမမျှလွန်းတာကြောင့် ရှေ့ ၉ ရက်လုံး ဘာမှမထူးခြားလို့ ညဘက်ကြီးဆွေးပါတော့တယ်။ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်၊ ရည်းစားလည်းဖြစ်တဲ့ Shinobu က ပြိုင်ပွဲမှာနိုင်ရင် လက်ထပ်မယ်လို့ ကတိပေးလိုက်တော့ အားတွေတက်ပြီး နောက်ဆုံးနေ့ကြိုးစားပါတော့တယ်။ နောက်ဆုံးနေ့မှာတော့ ချိုကိုလက်ထဲမိပြီးအနိုင်ရသွားတာပေါ့။ အဲ့ဒီအချိန်မှာ နှာဘူးကောင်လေးက မိန်းမရတော့မယ်ဆိုပြီး အော်ဟစ်ပျော်နေတုန်းမှာ Lum က သူ့ကိုယူမယ်လို့ထင်ပြီး ပြောလိုက်တဲ့အချိန်မှာတော့ media တွေကပါအထင်လွဲကုန်ကြတော့ ကောင်မလေးရှိတဲ့ Ataru တစ်ယောက် ဂြိုလ်သားတွေနဲ့ ဘယ်လိုတိုင်ပတ်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။
Staffs -
ဒီကားရဲ့ Reboot ကို ပို hype စေတဲ့ တစ်ချက်ကတော့ Seiyuu တွေကြောင့်လို့ပြောရမှာပါ။
Moroboshi Ataru ရဲ့ Seiyuu ကတော့ မိန်းကလေးတွေကြိုက်ကြတဲ့ Attack on Titans က Levi ရဲ့ Seiyuu ဖြစ်တဲ့ Kamiya Hiroshi, Lum ရဲ့ Seiyuu ကတော့ Overlord က Shalltear ရဲ့ Seiyuu ဖြစ်တဲ့ Ursuka Sumire, Mendo Shutaro ကတော့ Death Note က Kira ရဲ့ Seiyuu ဖြစ်တဲ့ Miyano Mamoru, Shinobu အဖြစ် Noragami က Hiyori ရဲ့ Seiyuu ဖြစ်တဲ့ Uchida Maaya, Ran အဖြစ်ကတော့ Gotoubun no Hanayome က Ichika ရဲ့ Seiyuu ဖြစ်တဲ့ Hanazawa Kana, Sakura အဖြစ် Noragami က Bishamon ရဲ့ Seiyuu ဖြစ်တဲ့ Sawashiro Miyuki, Sakuranbou အဖြစ် Great Teacher Onizuka က Onizuka Eikichi ရဲ့ Seiyuu ဖြစ်တဲ့ Takagi Wataru အပြင် အခြားနာမည်ကြီး Seiyuu တွေအများကြီးပါဝင်တယ်။
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
---END---
0 Comments