Mushikaburi-hime (2022) (Completed)

Translated & Encoded by Iceberg

Total Episodes: 12Studio: MadhouseSource: Light novelGenres: Drama, RomanceTheme: HistoricalSynopsis.ဒီအချစ်ဇာတ်လမ်းလေးရဲ့ဇာတ်အိမ်တည်ရာ Sauslind ဆိုတဲ့တိုင်းပြည်ကြီးဝယ် Eliana Bernstein လို့ခေါ်တဲ့ စာဖတ်ရတာကို အင်မတန်နှစ်သက်တဲ့ ကောင်မလေးတစ်ယောက်ရှိသတဲ့။ စာဖတ်နေရရင်ပြီးရော၊ ထမင်းမေ့ဟင်းမေ့ အရာရာကိုမေ့သွားလောက်အောင် စာ‌အုပ်တွေထဲစီးမြောလွန်းတတ်လို့ သူ(မ)ကို ပတ်ဝန်းကျင်ကလူတွေက “စာအုပ်ဂျိုးမင်းသမီး‌လေး” ဆိုပြီး နာမည်ပြောင်ပေးထားကြတယ်။ ဆက်ပြောရရင် သူ(မ)ဟာ မင်းဆွေမင်းမျိုး မှူးမတ်မျိုး၊ ဆွေကြီးမျိုးကြီးကမဟုတ်၊ သာမညမြို့စားမိသားစုရဲ့သမီးတစ်ယောက်၊ လှလှပပနေဖို့ထက် စာအုပ်ဖတ်ဖို့ကို ပိုစိတ်အားထက်သန်သူပီပီ ဖြစ်သလိုပဲနေထိုင်လေ့ရှိတဲ့အတွက် သူ(မ)ရဲ့ဆံပင်တွေဟာ အမြဲလိုလိုရှုပ်ပွ‌နေလေ့ရှိပြီး တစ်ပါးသူ ယောက်ျားသားတစ်ယောက်အတွက် နှစ်ခြိုက်ဖွယ်ပုံပန်းသွင်ပြင်မဟုတ်ဘူးလို့ သူ့ကိုယ်သူသတ်မှတ်ထားတာပေါ့။မည်သို့ပင်ဖြစ်နေပါစေ အထက်တန်းစားတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့် အချိန်တန်အရွယ်‌ရောက်လို့ ကြင်ဖက်မရှိရင် ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ခြင်းကိုခံရမှာပါ။ ကံကောင်းစွာနဲ့ အဲ့ဒီအချိန်မှာပဲ တိုင်းပြည်ရဲ့အိမ်ရှေ့မင်းသား Christopher ဟာ သူ့ရဲ့အယောင်ဆောင်ကြင်ယာလောင်းဖြစ်ပေးဖို့အတွက် Eliana ဆီကို လာကမ်းလှမ်းခဲ့ပါတယ်။ သဘောတူချက်ဟာဆိုရင် Eliana အနေနဲ့ ပွဲကြီးအခမ်းအနားကြီးတွေမှာ သူ့ကြင်ယာအဖြစ် မျက်နှာလိုက်ပြပေးရုံနဲ့တင် လုံလောက်ပြီးတော့ အားလပ်ချိန်တွေမှာဆိုရင် အိမ်ရှေ့စံရုံးတော်မှာ အေးဆေးစိတ်ကြိုက်စာအုပ်ဖတ်နေလို့ရပြီး၊ သူရော Eliana အတွက် ကြင်ဖက်ရွေးတဲ့ကိစ္စကို ခေါင်းထဲထည့်စရာမလိုတော့ဘူးဆိုပြီးပေါ့။ ရှုပ်ရှုပ်ယှက်ယှက်ကိစ္စဖြစ်တဲ့အတွက် ငြင်းဖို့ကြံခဲ့တဲ့ Eliana ကို ခေါင်းငြိမ့်စေခဲ့တဲ့အကြောင်းအရင်းမှာကား သူ(မ)ဖို့ ရွှေတိုက်ကြီးသဖွယ်ဖြစ်တဲ့ တော်ဝင်စာကြည့်တိုက်ကြီးကို စိတ်ကြိုက်ဝင်ထွက်သွားလာခွင့်ပင်ဖြစ်၏။သဘောတူညီချက်အတိုင်း နေထိုင်ဖြတ်သန်းရင်း အချိန် ၄ နှစ်တာကုန်ဆုံးပြီးတဲ့နောက်မှာတော့ Eliana ဟာ တော်ဝင်စာကြည့်တိုက်ကြီးနဲ့ နန်းတော်က အသိမိတ်ဆွေတွေအပေါ် သံယောဇဉ်တွယ်နေပါပြီ။ အဲ့ဒီထဲ သူ့အပေါ် အမြဲ နွေးနွေးထွေးထွေး ကြင်ကြင်နာနာဆက်ဆံပေးတဲ့ အိမ်ရှေ့မင်းသား Christopher ကို သံယောဇဉ်အတွယ်ဆုံးဖြစ်ခဲ့တာပေါ့။ တစ်နေ့ အိမ်ရှေ့မင်းသား Chris ဟာ အခြားနန်းတွင်းသူတစ်ယောက်နဲ့ တရင်းတနှီးဖြစ်လွန်းနေတာကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတဲ့အခါမှာတော့ စာအုပ်အပြင် အခြားဘာကိုမှရင်မခုန်ခဲ့ဖူးတဲ့ Eliana ဟာ သူချစ်လှပါချည်ရဲ့ဆိုတဲ့စာအုပ်တွေကို ဖတ်ချင်စိတ်မရှိတော့တဲ့အထိကို သူ(မ)ရဲ့ရင်ထဲ ဗုံတွေဆိုင်းတွေတီး၊ မီးတွေတောက်ကုန်ကာ နေမထိထိုင်မသာဖြစ်နေရပါပြီ။ မတတ်သာတော့တဲ့အဆုံး Eliana တစ်ယောက် လက်မြှောက်ပြီးတော့သာအရှုံးပေး၊ ကြင်ယာလောင်းအဖြစ်ကိုဖျက်သိမ်း၊ နန်းတော်ကနေ အပြီးထွက်သွားဖို့စိတ်ဆုံးဖြတ်ပြီးအခိုက်မှာမှ ထိုနန်းတွင်းသူဟာ သူ့ရဲ့ရည်ရွယ်ချက်အမှန်ဖြစ်တဲ့ Eliana ကို ချောက်တွန်းပြီး အိမ်ရှေ့စံရဲ့ကြင်ယားလောင်ရာထူးကို အပိုင်ကြံနေတဲ့သူဖြစ်ကြောင်းကို‌ဖော်ပြလာတဲ့အပြင်ကို Eliana ဟာ သူ့ကို‌ တောက်လျှောက် မတရားအနိုင်ကျင့်လာခဲ့ပါတယ်ဆိုပြီး လူကြားထဲ စွပ်စွဲလာတဲ့အခါမှာတော့ မျက်နှာချင်းဆိုင်ဖြေရှင်းခန်းဖွင့်ဖို့ဖြစ်လာပြီး Eliana ရဲ့အေး‌ဆေးတည်ငြိမ်တဲ့ဘဝလေး အပြောင်းအလဲအကြီးကြီးဖြစ်ဖို့ရာ အကြောင်းဖန်လာပါတော့တယ်...။
ဘာသာပြန်၏မှတ်ချက်။ ။ ခပ်ရှင်းရှင်းပြောရရင် စာအုပ်တွေကိုပဲရင်ခုန်တဲ့ အိမ်တွင်းအောင်း စာအုပ်ဂျိုးမလေးတစ်ယောက် အချစ်နဲ့တွေ့ပြီး ပြောင်းလဲသွားပြီးတဲ့နောက် ချစ်ရသူနဲ့အတူရှိနေနိုင်ဖို့အတွက် ဘယ်လိုအခက်အခဲမျိုးကိုမဆို ကျော်ဖြတ်နိုင်အောင်ကြိုးစားသွားမှာကိုရှုစားရမယ့်ကားမျိုးလေးပေါ့။ ဘယ်လိုအခက်အခဲတွေလဲဆို နန်းတွင်းပုံစံကားမျိုးဖြစ်တဲ့အတွက် နိုင်ငံရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာအခက်အခဲတွေ‌မျိုး‌တွေပါ။ အဲ့ဒါကိုမှ ဟာသလေး အပြုသဘောလေးတွေနှောထားတာ။ နောက်ဆုံးအနေနဲ့မှာချင်တာကတော့ နောက်ပိုင်းကျ သောက်ရမ်းတွေ Ro မယ့်ကားဖြစ်တဲ့အတွက် တစ်ကိုယ်တည်းသမားတွေအနေနဲ့ ကြည့်ခါနီးကျရင် ကိုက်ဖို့ရာစောင်တစ်ထည်ယူထားကြပါလို့။

 Episode 01 (v2) (234mb)

Mega  /  Yoteshin  /  Datbu

Episode 02 (v2) (214mb)Mega  /  Yoteshin  /  DatbuEpisode 03 (v2) (214mb)Mega  /  Yoteshin  /  DatbuEpisode 04 (v2) (245mb)Mega  /  Yoteshin  /  DatbuEpisode 05 (v2) (216mb)Mega  /  Yoteshin  /  DatbuEpisode 06 (233mb)Mega  /  Yoteshin  /  DatbuEpisode 07 (240mb)Mega  /  Yoteshin  /  DatbuEpisode 08 (236mb)Mega  /  Yoteshin  /  DatbuEpisode 09 (207mb)Mega  /  Yoteshin  /  DatbuEpisode 10 (223mb)Mega  /  G-Drive  /  DatbuEpisode 11 (210mb)Mega  /  G-Drive  /  DatbuEpisode 12 (v2) (192mb) (Finale)Mega  /  Yoteshin  /  Datbu

Post a Comment

0 Comments