RWBY: Hyousetsu Teikoku (2022 Summer) (Completed)

 


Type: TV
Episodes: 12
Status: Currently Airing
Studios: Shaft
Source: Other
Genre: Action
Duration: 24 min. per ep.

Synopsis
ဟိုးအရင်တစ်ချိန်တုန်းက လူတွေဟာ မြေမှုန်ကနေဖြစ်တည်လာကြပြီး သန်စွမ်း ဉာဏ်ထက် ကြံရည်ဖန်ရည်ရှိကြတဲ့အတွက် အခြားသက်ရှိတွေထက် တစ်ပန်းသာပြီး သက်ရှိတိုင်းနဲ့ အစာကွင်းဆက်ရဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ကြတယ်။ သို့သော်လည်း အကြာကြီးတော့ မဟုတ်ခဲ့ပါဘူး။ အချိန်တစ်ခုရောက်တဲ့အခါမှာ လူသားတွေကို အမဲပြန်ဖျက်ကြမယ့် Grimm ဆိုတဲ့ အမျိုးမျိုးသောသားရဲ‌အသွင်တွေရှိကြတဲ့ သတ္တဝါတွေဟာ အမှောင်ထုထဲကနေ ဖြစ်တည် ကြီးထွားလာပြီး လူတွေကိုလိုက်လံသတ်ဖြတ်ခဲ့တဲ့အတွက် လူသားမျိုးနွယ်မျိုးသုဥ်းလုနီးနီးဖြစ်နေစဉ်အခိုက်မှာ လူတွေဟာ Dust လို့ခေါ်တဲ့အရာကို ရှာဖွေတွေ့ရှိခဲ့ကြပြီးဝောာ့ ၎င်း Dust တွေကို လက်နက်တွေမှာထည့်သွင်းအသုံးပြု၊ Grimm တွေကို တွန်းလှန်တိုက်ခိုက်ပြီး ကစားပွဲကိုပြောင်းပြန်လှန်ကာ လူ့အဖွဲအစည်းကိုထိန်းသိမ်းနိုင်ခဲ့ကြတယ်။ 

အဲ့ဒီလိုနဲ့ လူ့အဖွဲ့အစည်းကိုထိန်းသိမ်းနိုင်ခဲ့ပြီးတဲ့နောက် ခေတ်သစ်ကိုရောက်လာတဲ့အခါမှာတော့ လူတိုင်းလက်နက်ဆွဲတိုက်ခိုက်စရာမလိုတော့ဘဲ လူတွေကိုကာကွယ်ပြီး Grimm တွေကိုတိုက်ခိုက်ဖို့ Hunter (Grimm မုဆိုး) လို့ခေါ်တဲ့ အလုပ်ပေါ်ပေါက်လာပြီး Hunter ဖြစ်ချင်ကြတဲ့ လူငယ်တွေကို လေ့ကျင့်ပေးတဲ့ကျောင်းကြီးတွေဟာလည်း တိုင်းပြည်အသီးသီးမှာပေါ်ထွန်းလာခဲ့ကြတယ်။ အဲ့ဒီကျောင်းတော်တွေထဲမှာမှ ဒိတ်ဒိတ်ကျဲ Vale မြို့တော်က Beacon Academy ကြီးမှာ ဒီဇာတ်လမ်းလေးက နိဒါန်းပျိုးဖို့ ဖြစ်လာခဲ့တာပါ။

တက်တက်ကြွကြွရှိပြီး စိတ်လှုပ်ရှားပြီဆိုတာနဲ့ ပတ်ဝန်းကျင်အပေါ်လည်း အာရုံမရှိတော့တဲ့ အနီရောင်ခေါင်းစွတ်ဝတ်ရုံကလေးနဲ့ Ruby Rose ဆိုတဲ့ချာတိတ်မလေးဟာ Vale မြို့တော်နဲ့ဝေးကွာတဲ့ Patch ကျွန်းမှာကြီးပြင်းခဲ့သူဖြစ်ပြီး အသက်ရှင်စဉ်က Hunter ဖြစ်ခဲ့တဲ့ မိခင်ဖြစ်သူကိုအားကျတဲ့အတွက် Hunter ဖြစ်ချင်စိတ် အင်မတန်ပြင်းပြသူလေးတစ်ယောက်၊ သူလေးဟာ ဒိတ်ဒိတ်ကျဲ Beacon ကျောင်းတော်ကြီးကို ဝင်ခွင့်ရထားတဲ့ အစ်မရဲ့ဖြစ်သူကို လိုက်ပို့နှုတ်ဆက်ရင်း အဖေနဲ့အတူတူ Vale မြို့တော်ဆီကို လိုက်ပါလာခဲ့ပါတယ်။ ကံကြမ္မာရဲ့မျက်နှာသာပေးမှုနဲ့ Dust ဆိုင်ဓားပြမှုတစ်ခုကိုဝင်တားနေစဉ် သူ့ကို Beacon ကျောင်းအုပ်က မျက်စိကျသွားတဲ့အတွက် အစ်မဖြစ်သူနဲ့အတူတူ Beacon ကျောင်းဝင်ခွင့်ကိုပါ ရလိုက်ခဲ့တယ်။ Weiss Schnee ဟာ ကမ္ဘာ့အကြီးဆုံး Dust ကုမ္ပဏီကြီးဖြစ်တဲ့ Schnee Dust ကုမ္ပဏီကြီးနဲ့ Schnee မိသားစုရဲ့အမွေခံသမီးဖြစ်နေသော်ငြားလည်း ကိုယ့်ဒူးကိုယ်ချွန်နိုင်ကြောင်းနဲ့ အဖေဖြစ်သူရဲ့လောင်းရိပ်အောက်ကလွတ်မြောက်နိုင်ဖို့ရာ တိုင်းတစ်ပါးက Beacon ကျောင်းကိုလျှောက်ခွင့်ရအောင် ကြိုးစားနေသူလေးတစ်‌ယောက်၊ သူဌေးသမီးဖြစ်တဲ့အလျောက် အတ္တ မာနကြီးပြီး အဆိုးမြင်ဝါဒကို လက်ဆွဲကိုင်ထားသူ။ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ပြီးတဲ့နောက်မှာတော့ Beacon ကျောင်းလျှောက်ခွင့်ရခဲ့ပြီး Vale မြို့တော်ဆီ ခရီးနှင်လာခဲ့ပါတယ်။

Blake Belladonna ဟာ Faunus (တိရစ္ဆာန်တစ်ပိုင်းလူသား) တွေအတွက် ရပ်တည်တိုက်ခိုက်ပေးနေတဲ့ White Fang အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်။ တည်ငြိမ်အေးဆေး သတ္တိခဲလေးဖြစ်ပြီး ပြတ်သားသူဖြစ်တဲ့အလျောက် White Fang အဖွဲ့ဟာ မူလရပ်တည်ချက်တွေကနေ သွေဖည်လာတဲ့အတွက် အဖွဲ့ကနှုတ်ထွက်ကာ ကိုယ့်လမ်းကိုယ်လျှောက်လာခဲ့ရင်း Beacon ကိုဝင်ခွင့်ရတဲ့အတွက် သူလည်း Vale မြို့တော်ဆီ‌ကိုရောက်လာခဲ့တယ်။ နောက်ဆုံး Yang Xiao Long ကတော့ Ruby ရဲ့ အဖေတူအမေကွဲအစ်မဖြစ်ပြီး ရှည်လျှားတဲ့အဝါရောင်ဆံနွယ်၊ ထွားထွားကြိုင်းကြိုင်းခန္ဓာကို ပိုင်ဆိုင်ထားပြီး တည့်တိုးသမား ညီမချစ်သူတစ်ယောက်ပေါ့။ အဲ့ဒီလို စရိုက်ချင်းမတူကြတဲ့ကောင်မလေး ၄ ယောက်၊ ရေစက်ကြောင့် Beacon ကျောင်းရောက်အပြီး အဖွဲ့တစ်ဖွဲ့တည်းကို အတူကျခဲ့ကြပါတယ်။ စိတ်ချင်း‌ရောစရိုက်ချင်းရော မတူတဲ့အပြင်ကို ကိုယ်ရေးကိုယ်တာပြဿနာတွေကြောင့် အမြဲကိုက်နေကြတဲ့ သူတို့ ၄ ယောက် Hunter ဖြစ်ဖို့ရာ ၄ နှစ်တာ ကျောင်းစာသင်နှစ်ခရီးလမ်းကို ဘယ်လိုဖြတ်ကျော်ကြမလဲဆိုတာကို မမတို့ရဲ့အသံကလေးတွေနဲ့ ရှုစားရမှာပဲဖြစ်ပါတယ်။

Episode 1 - Mediafire / Mega / Yoteshin

Episode 2 - Mediafire / Mega / Yoteshin

Episode 3 - Mediafire / Mega / Yoteshin

Episode 4 - Mediafire / Mega / Yoteshin

Episode 5 - Mediafire / Mega / Yoteshin

Episode 6 - Mediafire / Mega / Yoteshin

Episode 7 - Mediafire / Mega / Yoteshin

Episode 8 - Mediafire / Mega / Yoteshin

Episode 9 - Mediafire / Mega / Yoteshin

Episode 10 - Mediafire / Mega / Yoteshin

Episode 11 - Mediafire / Mega / Yoteshin

Episode 12 - Mediafire / Mega / Yoteshin (End) 

Post a Comment

0 Comments