Type : Movie
Episodes : 1
Status : Finished Airing
Aired : Jun 8, 2013
Producers : Production I.G, Shochiku, Pony Canyon
Licensors : Funimation
Studios : Wit Studio
Source : Original
Genres : Drama, Romance, Sci-Fi
Duration : 1 hr.
Rating : PG-13 - Teens 13 or older
Review
ဘဝမှာ လူတိုင်း ကိုယ့်အတွေးတွေနဲ့ ခံစားချက်တွေကိုယ်စီရှိကြပါတယ်။
ဒါပေမယ့် ဒီအရာတွေ အခြားသူဘက်ကနေ မြင်နိုင်ဖို့ကလည်း အမြဲဖြစ်မနေနိုင်ပါဘူး။
ဒီလိုနဲ့ ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး လုပ်တဲ့ အခါမှာတော့ အမှားတွေ မှားတတ်ကြပါတယ်။
ဒီကားထဲမှာလည်း အတ္တကို ရှေ့တန်းတင်ပြီး အမှားကြီးမှားသွားတဲ့ အတွဲတစ်တွဲအကြောင်းကိုကြည့်ရမှာဖြစ်ပါတယ်။
ဇာတ်လမ်းမှာကတည်းကို Kurumi ဆိုတဲ့ ကောင်မလေးက သူ့ချစ်သူကောင်လေး ရုတ်တရတ်ဆုံးသွားတာနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်ပြီး အိမ်ထဲက အိမ်ပြင်တောင် မထွက်ပဲနဲ့ အခန်းအောင်းပဲနေနေပါတော့တယ်။
ဒီလိုနဲ့ သူ့အဖိုးက လူသားစက်ရုပ်ဖြစ်တဲ့ Q01 ကို သူ့မြေးစိတ်ပြေလက်ပျောက်ဖြစ်အောင် HAL ပုံစံနဲ့ စောင့်ရှောက်ခိုင်းပါတော့တယ်။
အစကတော့ HAL ကို လူချင်းတောင်ထွက်မတွေ့ပေမယ့် နောက်ပိုင်း တစ်စထက်တစ်စ အဆင်ပြေလာပြီး သူ့အရင်ကောင်လေးအကြောင်းကို button ဆိုတဲ့ ဟာလေးနဲ့ အဲ့စက်ရုပ်ကိုဖွင့်ပြပါတော့တယ်။
ကြားထဲအလှည့်အပြောင်းတွေ အများကြီးပါပြီး ကြည့်လို့လည်း တကယ်ကောင်းတာမို့လို့ဆက်ပြီး ရှုစားလိုက်ကြပါဗျာ။
HAL Seiyuu ကတော့ Shingeki no Kyojin က Reiner တို့ DanMachi က Welf တို့ရဲ့ Seiyuu ဖြစ်တဲ့ Hosoya Yoshimasa ၊ Kurumi Seiyuu ကတော့ Highschool DxD က Rias Gremory, Hataraku Maou-sama က Emilia Seiyuu ဖြစ်တဲ့ Hikasa Youko ဖြစ်ပြီးတော့ Ryuu Seiyuu ကတော့ Death Note က Kira,Bungou Stray Dogs က Osamu Dazai တို့ရဲ့ Seiyuu ဖြစ်တဲ့ အားလုံးချစ်ကြတဲ့ Miyano Mamoru ဖြစ်ပါတယ်။
Download link
0 Comments