Girls und Panzer der Film(Myanmar Sub)


Type : Movie

Episodes : 1

Status : Finished Airing

Aired : Nov 21, 2015

Producers : Bandai Visual, Lantis, Movic, Showgate, Graphinica, Q-Tec, Hakuhodo DY Music & Pictures, Hakuhodo DY Media Partners

Licensors : Sentai Filmworks

Studios : Actas

Source : Original

Genre : Sports

Themes : Military, School

Duration : 2 hr.

Rating : PG-13 - Teens 13 or older

၆၃ကြိမ်မြောက် တင့်အဖွဲ့တံခွန်စိုက်ပြိုင်ပွဲမှာ အနိုင်ရပြီးချန်ပီယံဖြစ်လာခဲ့တဲ့ မီဟိုတို့ရဲ့ အိုအာရိုင်တင့်အဖွဲ့ဟာ အောင်ပွဲခံအထိန်းအမှတ်အနေနဲ့ သူ့ရဲ့ပြိုင်ဖက်ဟောင်းတွေနဲ့အတူ ချစ်ကြည်ရေးပွဲတစ်ပွဲ ဆင်နွှဲပြီးနောက်ပိုင်း သူတို့ကျောင်းကိုပြန်ရောက်တဲ့အချိန် ကျောင်းကိုပိတ်ချတော့မယ်ဆိုတဲ့ သတင်းကိုထပ်ကြားရပြန်ပါတယ် ယခင်ကကျောင်းပြန်ဖွင့်နိုင်ဖို့အရေးအတွက် ချန်ပီယံဖြစ်အောင် အသည်းအသန်ကြိုးစားခဲ့ရသမျှဟာ အပေးအယူက တရားဝင်မဟုတ်တာကြောင့် အကုန်အလကားဖြစ်ရတော့မယ့်အချိန်မှာ ကျောင်းကောင်စီဥက္ကဌရဲ့ ကြိုးစားပေးမှုကြောင့် ဒီကိစ္စကို နောက်ထပ်ပြိုင်ပွဲတစ်ပွဲနဲ့ ဖြေရှင်းရဖို့ ဖြစ်လာပါတော့တယ် သူတို့ပြိုင်ရမယ့်အဖွဲ့က တင့်အဖွဲ့မှာကျင်လည်တဲ့သူတိုင်းသိကြတဲ့ နာမည်ကြီး တက္ကသိုလ်အင်အားစုအသင်းပါ ပြိုင်ဖက်က အဖက်ဖက်ကသာလွန်နေပေမယ့် မီဟိုယုံကြည်တဲ့ တင့်အဖွဲ့ရဲ့လမ်းစဉ်အရ ဒီအခွင့်အရေးကို ရအောင်ဆုပ်ကိုင်ပြီး သူတို့ကျောင်းရဲ့ကံကြမ္မာကို ပြန်ဖန်တီးဖို့​ကြိုးစားကြတာကို မြင်တွေ့ရမှာပါ

Girls und Panzer TV series ရဲ့ အဆက်ဖြစ်တဲ့ der filmဟာ ၂၀၁၄မှာထွက်ရှိဖို့ ကြေညာထားခဲ့ပေမယ့် ၂၀၁၅ နိုဝင်ဘာ ၂၁ရက်နေ့မှာမှ ဂျပန်နိုင်ငံမှာ ရုံတင်ပြသနိုင်ခဲ့ပါတယ် ရုံစတင်ပြီးတစ်ပတ်အကြာမှာပဲ ယန်းငွေ ၁၂၈သန်းရရှိခဲ့ပြီး တစ်နှစ်အကြာမှာ ၂.၅ဘီလီယံရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ် TV serieရဲ့ အောင်မြင်မှုကြောင့် Wargaming လို နာမည်ကြီးဂိမ်းကုမ္ပဏီနဲ့ collabလုပ်ရတဲ့အထိဖြစ်ခဲ့ပြီး ၂၀၁၅မှာတော့ movieပါထွက်ရှိရတဲ့အထိ အောင်မြင်မှုရခဲ့ပါတယ် movie အနေနဲ့ကလည်း MyAnimeListမှာ 8.2/10 
IMDbမှာ 7.2/10
HIDIVEမှာ 4.6/5အထိရရှိထားပြီး Garupanဖန်အဟောင်းတွေနဲ့ ဖန်အသစ်တွေကြား အထူးသဖြင့် historyဖန်တွေဆီကနေ မှတ်ချက်ကောင်းတွေရထားပါတယ်
 

Der Film 

Der Film OVA
Yoteshin / Mediafire / Mega

Post a Comment

0 Comments