Type : TV
Episodes : 52
Status : Current Airing
Aired : Apr 1, 2021
Producers : King Record
Licensors : Unknown
Studios : Bridge
Source : Manga
Genres : Action, Adventure, Comedy, Super Power, Supernatural, Shounen
Duration : Unknown
Rating : PG 13 - Teens 13 or older
Review by Iceberg
Shamanတွေဆိုတာက သာမန်လူတွေမမြင်နိုင်တဲ့ တစ္ဆေတွေ၊ ဝိဉာဉ်တွေ၊ နတ်ဘုရားတွေကို ဆက်သွယ်နိုင်တဲ့အစွမ်းရှိတဲ့ ထူးခြားတဲ့သူတွေပဲဖြစ်ပါတယ်။ နှစ်ငါးရာအကြာမှာတစ်ခါကျင်းပတဲ့ Shamanတိုက်ပွဲဆိုတာက ကမ္ဘာတစ်ဝှမ်းက Shamanတွေ တစ်ယောက်နဲ့တစ်ယောက်ယှဉ်ပြိုင်တိုက်ခိုက်ကြတဲ့ ပြိုင်ပွဲမျိုးပဲဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ နောက်ဆုံးအနိုင်ရတဲ့သူကိုတော့ Shamanတို့ရဲ့ရှင်ဘုရင်အဖြစ် သတ်မှတ်ကြတယ်။ အဲ့ဒီဂုဏ်ထူးရရှိတဲ့သူက ကြီးမြတ်တဲ့ဝိဉာဉ်တွေကို ဆင့်ခေါ်နိုင်ပြီး လောကကြီးကို သူတို့စိတ်ရှိတဲ့အတိုင်း ပုံသွင်းနိုင်မှာပဲဖြစ်ပါတယ်။
သာမန်အလယ်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်တဲ့ Manta Oyamada တစ်ညမှာတော့ အချိန်ပိုအတန်းတွေကြောင့် အိမ်ပြန်ချိန်နောက်ကျခဲ့ရအတွက် ရထားမှီရအောင်ဆိုပြီး သချိုင်းကုန်းတစ်ခုကို ဖြတ်လမ်းအနေနဲ့သုံးခဲ့ပါတယ်။ အုတ်ဂူတစ်ခုပေါ်မှာထိုင်နေတဲ့ကောင်လေးတစ်ယောက်က Mantaကို "သူတို့နဲ့အတူတူ" ကြယ်တွေလာကြည့်ဖို့ ခေါ်ခဲ့ပါတယ်။ သူပြောတဲ့ "သူတို့နဲ့အတူတူ"ဆိုတဲ့စကားက သူနဲ့ သူ့တစ္ဆေမိတ်ဆွေတွေကို ညွှန်းဆိုတာကို သိသွားတဲ့အခါမှာတော့ Mantaတစ်ယောက် လန့်ဖြန့်ပြီး ထွက်ပြေးပါတော့တယ်။ နောက်ကျ အဲ့ဒီကောင်လေးက သူ့ကိုယ်သူ Asakura Youဖြစ်ကြောင်းနဲ့ သူ့အစွမ်းတွေကိုရှင်းပြပြီး သူက လေ့ကျင့်နေတဲ့Shamanတစ်ယောက်ဖြစ်ကြောင်းနဲ့ Amidamaruလို့ခေါ်တဲ့ အနှစ်၆၀၀သက်တမ်းရှိတဲ့ ဆာမူရိုင်းရဲ့အကူအညီအနဲ့ Mantaကို အနိုင်ကျင့်တဲ့သူတွေကို ပညာပြန်ပေးခဲ့ပါတယ်။ Mantaရဲ့တစ္ဆေတွေကိုမြင်နိုင်စွမ်းကြောင့် Youနဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီးတော့ Amidamaruရဲ့အကူအညီနဲ့အတူ Youရဲ့ နောက်Shamanရှင်ဘုရင်ဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်ပြီးမြောက်အောင် ဆောင်ရွက်ကြမဲ့စွန့်စားခန်းကို ရှုစားကြရမှာပဲဖြစ်ပါတယ်။
Episode 10
Coming Soon

0 Comments