Type : TV
Episodes : 12
Status : Completed
Premiered : Spring 2021
Studio: J.C.Stuff
Source: Light Novel
Genres: Action, Comedy, Fantasy
Duration: 24 min. per epi.
အညွှန်းနှင့် ဘာညာစမာကလာ
Kisaragi မြေအောက်ဒုစရိုက်အဖွဲ့အစည်းဟာ သူတို့ရဲ့လုပ်သားတိုင်းကို အထူးခွဲစိတ်မှုလုပ်ဆောင်ကာ Sentouin (တိုက်ခိုက်ရေးတပ်သား) ဒါမှမဟုတ် Kaijin (သန္ဓေပြောင်းလူသား) အဖြစ်ပြောင်းလဲပြီးမှ တာ၀န်ထမ်းဆောင်စေတဲ့အတွက် ကမ္ဘာပေါ်က ဒုစရိုက်အဖွဲ့အစည်းများအကြားမှာတောင် အင်အားတောင့်တင်း ပြိုင်ဘက်ကင်းပြီး များမကြာမီအချိန်အတွင်းမှာ ကမ္ဘာ့ခုခံရေးအင်အားစုဖြစ်တဲ့သူရဲကောင်းတို့ကိုအနိုင်ယူချေမှုန်းပြီး ကမ္ဘာကြီးတစ်ခုလုံးအား လက်၀ယ်ပိုင်ဆိုင်နိုင်တော့မယ့်အလားအလာနဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ ထိုသို့ ကမ္ဘာကြီးအား သူတို့လက်ဖဝါးအောက် သွတ်သွင်းနိုင်လုစဲစဲအခြေအနေဖြစ်နေစဉ်မှာပင် Kisaragi ရဲ့ခေါင်းဆောင်တွေထဲကတစ်ယောက်ဖြစ်တဲ့ ထူးချွန်သိပ္ပံပညာရှင် နက်မှောင်မှု Lilith ဟာ ကမ္ဘာအကြားခုန်ကူးသွားလာနိုင်တဲ့ ခုန်ကူးယန္တရားအား တီထွင်နိုင်ခဲ့ပြီးတော့ Kisaragi အဖွဲ့အစည်းဟာလည်း ကမ္ဘာကြီးအပြင် စကြာ၀ဠာကိုပါ မျက်စောင်းထိုးလာခဲ့ပါတယ်။
ဤတွင် ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် နံပါတ် ၆ (Roku-gou) ရဲ့အခန်းကဏ္ဍလာပါပြီ။ နံပါတ် ၆ ဟာ Kisaragi ရဲ့ Sentouin တစ်ယောက်တစ်ဖြစ်လဲ ထိပ်သီးခေါင်းဆောင်သုံးယောက်ထဲက နှစ်ယောက်ဖြစ်တဲ့ အေးခဲခြင်း Astaroth နဲ့ တောက်လောင်ခြင်း Belial တို့နဲ့တူတူ Kisaragi ရဲ့ founding member တစ်ဦးပဲဖြစ်ပါတယ်။ သူဟာ တိုက်ခိုက်ရေးပိုင်း ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော်ငြားလည်း ဦးနှောက်အရာ ချင့်ချိန်နိုင်စွမ်းမရှိတဲ့လူစားမျိုးဖြစ်တဲ့အတွက် ခုချိန်ထိကို အောက်ခြေအဆင့်ကနေ ရာထူးမတက်နိုင်လို့၊ သူငယ်ချင်းနှစ်ယောက်ဟာ သူ့အား ထိပ်တန်းခေါင်းဆောင်အရာထိကို ရာထူးတက်လာစေချင်အလို့ငှာ တခြားဂြိုဟ်အားကျူးကျော်မယ့်စစ်ဆင်ရေးမှာ သူ့တို့သဘောဖြင့်သူတို့ ထည့်သွင်းရွေးချယ်ခဲ့ပြီး နံပါတ် ၆ အား မက်လုံးများပေးပြီး အမည်မသိဂြိုဟ်ပေါ်သို့ စေလွှတ်ကြပါတော့တယ်။ သို့ပေမယ့် စဉ်းစားချင့်ချိန်နိုင်စွမ်းမရှိတဲ့ နံပါတ် ၆ ဖို့ရာ တွေးခေါ်မှုဆိုင်ရာ အထောက်အပံ့အဖြစ် Lilith ရဲ့နောက်တီထွင်မှုတစ်ခုဖြစ်တဲ့ အားသာချက်ဆိုလို့ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲမှုတစ်ခုတည်းသာရှိတဲ့ အပေါက်ဆိုးဆိုး Loli Android. Alice အား backup အဖြစ်အတူထည့်ပေးလိုက်ကာ အမည်မသိဂြိုဟ်ပေါ်အား အတင်းအဓမ္မ ခုန်ကူးစေပါတော့တယ်။ ခုန်ကူးယန္တရားဟာ ခုန်ကူးမည့်သူရဲ့အသက်အတွက်အာမခံချက်မရှိတဲ့ စက်စုတ်စက်ပျက်ဖြစ်နေသော်ငြားလည်း ကံကောင်းထောက်မစွာပဲ ဇာတ်လိုက်ကျော် နံပါတ် ၆ နှင့် Alice တို့ဟာ အသက်မပျောက်ရုံတမယ် တစ်ခြားဂြိုဟ်ပေါ်သို့ ဆိုက်ရောက်သွားနိုင်ခဲ့ကြပါတယ်။
တစ်ဖက်ဂြိုဟ်အရောက်တွင် Alice အဆိုအရ သူတို့အား ကမ္ဘာမြေနှင့်အနီးစပ်ဆုံးသောဂြိုဟ်အား ပို့ခဲ့ခြင်းဖြစ်သည်ဟု နံပါတ် ၆ တစ်ယောက် သိရသော်ငြားလည်း ယင်းဂြိုဟ်ဟာ မိစ္ဆာတွေ မှော်စွမ်းတွေနဲ့ဂြိုဟ်မျိုးဖြစ်နေသည့်အပြင်ကို သူတို့ဆိုက်ရောက်သွားကြတဲ့ Grace တိုင်းပြည်ဆိုတဲ့ လူသားတိုင်းပြည်ဟာ အိမ်နီးနားချင်း မိစ္ဆာတိုင်းပြည်နဲ့ စစ်ပွဲဆင်နွှဲနေစဉ်ကာလဖြစ်နေပြီး စစ်ဒဏ်ကြောင့် ငယ်ရွယ်တဲ့ယောက်ျားသားအကျအဆုံးများပြားနေသည့်အတွက် တိုက်ခိုက်ရည်ကောင်းပြီး ခေါင်ဆောင်နိုင်စွမ်းရှိတဲ့စစ်သည်များလိုအပ်ချက်ကြောင့် နံပါတ် ၆ တစ်ယောက် ရောက်ရောက်ချင်းမွှေထားတဲ့အရှုပ်ကနေ ခွင့်လွှတ်ပေးခံရလိုက်သည့်အပြင်ကို တိုင်းပြည်မင်းသမီးရဲ့အကြုံပြုချက်နဲ့ အချောင်နေရင်း ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်မှူးအရာကိုပေးအပ်ခြင်းခံလိုက်ရသည့်အတွက် ထိုရာထူးအား အခွင့်ကောင်းယူအသုံးချကာ ၎င်းဂြိုဟ်အားကျူးကျော်မည့် သူလျှိုစစ်ဆင်ရေးများအား သူ၏ပရမ်းပတာလုပ်ရပ်များနဲ့အတူ ဆက်လက်ဆောင်ရွက်သွားမည်ကို အပိုင်းတိုင်းလိုလို ရှယ်ခွီကာ ရှုစားရမှာပဲဖြစ်ပါတယ်။
=====
ဒီကားလေးကိုတော့ ထုတ်လွှင့်တုန်းက မကြည့်ဖြစ်လိုက်ရရင်တောင် ခုပြန်ကြည့်ကြည့်ကြပါဗျို့။ စိတ်ဖိအားတွေများနေတဲ့အချိန်မျိုးမှာ စိတ်အပန်ဖြေဖို့ရာ အင်မတန်သင့်တော်တဲ့ကားမျိုးဖြစ်ပြီး တစ်ချို့လေးနက်တဲ့နေရာလေးတွေကလည်း တစ်မျိုးလေး လေးနက်တဲ့အတွက် အချိန်ပေးရတန်စေမှာပါ။ Animation အနေနဲ့ 2D အသားပေးထားပြီး အရုပ်ဆိုးဆိုး ဈေးပေါပေါ 3D CGI တွေမသုံးထားတဲ့အတွက် မျက်စိနောက်သက်သာပြီး တော်တော်လေးကြည့်လို့ကောင်းတဲ့အဆင့်လို့ပြောရပါမယ်။ နောက်ပြီး ဒီကားဟာဆိုရင် KonoSuba author, Natsume Akatsuki-san ရဲ့လက်ရာပဲဖြစ်ပြီးတော့ အမှန်မှန် ဒီဇာတ်လမ်းအတွက် idea အရင်ရထားတာဖြစ်ပေမယ့် KonoSuba ကိုက အရင် serialize ဖြစ်သွားတာလို့ author-san ကတော့ ဆိုထားပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ KonoSuba author-san ရဲ့လက်ရာဆိုတဲ့အတိုင်း ဗရုတ်သုတ်ခအမျိုးမျိုးနဲ့ ရှယ်ခွီရပြီး KonoSuba ရဲ့ reference တွေကိုလည်း တစ်ချက်တစ်ချက် မြင်တွေ့ရမှာဖြစ်ပါတယ်။
အသံသရုပ်ဆောင်များအနေနဲ့ကတော့ Main Cast ၅ ယောက် (Roku-gou, Alice, Snow, Rose, Grimm) ထဲမှာမှ Snow နဲ့ Rose တို့ရဲ့ အသံသရုပ်ဆောင်တို့ဟာ Rookie Seiyuu-san တွေဆိုပေမယ့် အသံသရုပ်ဆောင်ချက်တွေက အတွေ့အကြုံရှိထားပြီးသား Seiyuu-san တွေလို တော်တော်လေးကို ပီပြင်အသက်၀င်လှပါပေတယ်။ ဇာတ်လိုက်ကျော်ကြီး နံပါတ် ၆ အဖြစ် အသံသရုပ်ဆောင်ပေးထားတဲ့ Yuusuke Shirai-san ကတော့ အတွေ့အကြုံရှိပြီးသား Seiyuu-san ဖြစ်နေသော်ငြားလည်း အားလုံးတန်းမြင်နိုင်လောက်တဲ့ နာမည်ကြီး Role တွေမရထားသေးတဲ့ Seiyuu-san တစ်ယောက်ဆိုပေမယ့် နံပါတ် ၆ (Roku-gou) အဖြစ် အသံသရုပ်ဆောင်ထားတာတော့ သူ့ရဲ့ Notable Role လို့ဆိုရလောက်တဲ့အထိကို ပီပြင်လှပြီး တော်တော့်ကိုမိုက်ပါတယ်။ နောက်ပြီး Alice အဖြစ် BokuBen မှ Ogata Rizu, Kagura-sama မှ Iino Miko တို့လို role တွေရထားတဲ့အပြင် လာမယ့်ရာသီမှာ DaL IV ရဲ့ OP. ကိုသီဆိုပေးသွားမယ့် Miyu Tomita-san မှ အသံသရုပ်ဆောင်ပေးထားပြီး Jashin ကိုးကွယ်သူ အပျိုဟိုင်းကြီး Grimm အဖြစ်ကို မနေ့ကတင် 2nd Season ပြီးထားတဲ့ Arifureta မှ ချိုသာယဥ်ကျေး ချစ်နှမလေးတဲ့အသံနဲ့ ယုန်တစ်ပိုင်းမလေး Shea, Kobayashi-san မှ Ero onee-san Quetzalcoatl အဖြစ်အသံသရုပ်ဆောင်ပေးခဲ့တဲ့ Minami Takahashi-san တို့မှအသံသရုပ်ဆောင်ပေးထားကြပါတယ်။ Supporting Role တွေမှာလည်း နာမည်ကြီး seiyuu-san တွေအသီးသီးပါ၀င်ကြပြီး ခင်ဗျားတို့ချစ်ရတဲ့မမနှစ်ယောက်ဖြစ်တဲ့ Asami Seto-san နဲ့ Itou Miku-san တို့က မိစ္ဆာဘုရင့်စစ်တပ်ရဲ့ လက်ရွေးစင်လေးယောက်တွေထဲကနှစ်ယောက်ဖြစ်တဲ့ Honou no Heine နဲ့ Mizu no Russell အသီးသီးအဖြစ်ပါ၀င်ပေးထားပါသေးတယ်။ OP. Theme "No.6" အား Itou Miku-san မှ သီဆိုပေးထားပြီး ED. Theme "Home Sweet Home" အား Main cast ထဲက Alice, Snow, Grimm, Rose တို့ရဲ့ Seiyuu-san တို့က သီဆိုပေးထားပါတယ်။
Translated & Encoded by Iceberg
Quality: BDBrip 1080p x265 video & FLAC audio
=================================
OP. Theme - No.6 by Itou Miku
ED. Theme - Home Sweet Home by Main VAs of Sentouin Hakkenshimasu!
=================================
Episode 1
Episode 2
==== ပြီးပါပြီ ====
2 Comments
8 9 10 လင့်မရဘူး bro
ReplyDeleteThis comment has been removed by the author.
Delete