Pacific rim-the black
ဒါရိုက်တာ
Guillermo del Toro ရိုက်ကူးခဲ့သော Robots vs Kaiju flim အမျိူးအစား
Pacific rim သည် အလွန် အောင်မြင်ခဲ့ပြီး sequel filim တစ်ခု ထွက်လာခဲ့ သော်လည်း ပထမကားလောက်
မအောင်မြင်သဖြင့် Franchise အဆုံးသတ်မလို ဖြစ်ခဲ့ပါတယ်။
ယခုအခါ
Netflix ကနေ Pacific rim the black ဟူ သော anime spin-off တစ်ခုကို ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။
မူရင်း Film
၂ ခု နဲ့ မသက်ဆိုင်လို့ မကြည့်ထားလဲကိစ္စ မရှိပါဘူး။ Timeline မတူတာကြောင့် စိတ်ပူစရာမလိုပါဘူး။န
Review-spoiler free
ကျွန်တော်တို့ ကမ္ဘာကြီး ကလူသားတွေက ဂြိုလ်သားတွေ အကြောင်းကို
အမျိူးမျိုးရေးသားခန့်မှန်းခဲ့ကြတယ်
UFO နဲ့ အာကာသထဲက လာမယ်။
ကောင်းကင်ပေါ်က ကျလာမယ် လို့ထင်ခဲ့ကြတယ်
တကယ့်အပြင်မှတော့ အထင်နဲ့ အမြင် တလွဲဖြစ်နေခဲ့ပါတယ်။
2013 ခုနှစ်
August လ10ရက်, San Franciscoတွင် ရစ်ချက်စတာ စကေး 7.1ရှိသော ငလျင်လှုပ် ခဲ့ပြီး ပထမဆုံး Kaiju တစ်ကောင် Mariana သမုဒ္ဓရာချောက် ထဲ က ၀င်ပေါက် မှတဆင့် ထွက်ပေါ်လာခဲ့ပါတယ်
ပထမအကြီမ်တိုက်ခိုက်မှု တွင် လူပေါင်း ၈.၃ သန်းကျော် သေဆုံးခဲ့ပြီး
မှ ထို Kaiju ကို အပြတ် ရှင်းနိုင်ခဲ့ပါတယ်။
တိုက်ခိုက်မှုများ မှာ အဆုံးသတ်မသွားပဲ Kaiju
များထပ်မံထွက်ပေါ်လာခဲ့ပါတယ်။
တကမ္ဘာလုံးမှ နိုင်ငံများ စု၀ေး ကာ Kaiju များကို တိုက်ခိုက်ရန်
အစီအစဥ် တစ်ခုကို ရေးဆွဲခဲ့ပါတယ်။
မကောင်းဆိုး၀ါးကို မကောင်းဆိုး နှင့် ပြန်တိုက်မှ
အနိုင် ရမယ်ဆိုတာ သိခဲ့တယ်
အဲ့တာကြောင့် လူသား တွေ ဘက်မှ မကောင်းဆိုး၀ါးများကိုဖန်တီးခဲ့ပါတယ်။
Jaegar စီမံကိန်းကိုစတင်ခဲ့ပါတယ် မောင်းနှင်သူ နှစ်ယောက်နှင့် မောင်းနှင် ရသော Jaegar စက်ရုပ်များဟာ လူသားတွေ အတွက်
တစ်ခုတည်းသော အားကိုးရာဖြစ်ခဲ့ပါတယ်။
Jaegar စက်ရုပ်များစပေါ်လာပြီး အချိန်တစ်ခုမျှကြာပြီးချိန်
တွင် Austraila တွင် ၀င်ပေါက် တစ်ခုထပ်ပွင့်ခဲ့ပါတယ်။
Kaiju များအလွန်များပြားကာJ Jaegar အင်အား မမျှတတာကြောင့် Austraila
တိုက်တစ်ခုလုံး ကျဆုံးခဲ့ပါတယ်။ Australia မှ နောက်ဆုံးအသက်ရှင်သည့် Jaegar ယာဉ်မောင်းနှစ်ယောက်သည် သူတို့ ကလေးနှစ်ယောက်ဖြစ်သည့်
Hayley နှင့်
Taylor တို့အား ကယ်တင်ခဲ့ပြီး အကူအညီ တောင်းမည် ဟူ၍ ထွက်သွားကာ ဘယ်တော့မှပြန်မလာခဲ့တော့ပေ။ ငါးနှစ်ကြာပြီးနောက် Hayley နှင့် Taylor သည် အသုံးမပြုတော့သော
Jaeger တစ်ခုအားတွေ့ရှိခဲ့ပြီး သူတို့ မိဘနှစ်ပါးကို ပြန်ရှာရန် စတင်စွန့်စားခန်းထွက်လာခဲ့ပါတယ်
သူတို့ နှစ်ယောက် ပျက်စီးနေသော ဒေသကြီး မှာ ဘယ်လို အသက်ရှင် ကြမလဲ။ သူတို့ မိဘနှစ်ပါးကိုလည်းပြန်ရှာတွေ့နိုင်ပါ့မလား
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
0 Comments